





မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များနှင့် ဆန်စပါးမိသားစုများ၏ (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ နန်းရှေ့ရပ်ကွက်ရှိ မဟာဝိဇယာရာမခင်မကန်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စုပေါင်းမဟာဘုံကထိန်အလှူပွဲတွင် မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ အသင်းသူ/အသင်းသားများ စုပေါင်း၍ လုပ်အားဒါနအပြင် ပဒေသာပင်တစ်ပင်စာ စိုက်ထူလှူဒါန်းခဲ့ပါသည်။