မြန်မာနိုင်ငံ လူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း (MRF-YES)၏ ဆန်ပြည်ပတင်ပိုမှုဆိုင်ရာ အသိပညာပေးသင်တန်းကြီးအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။

သင်တန်းချိန်တလျှောက် တကူးတကအချိန်ပေးပြီး စေတနာအပြည့်ဖြင့် သင်ကြားပေးခဲ့ကြသော ဆန်ပြည်ပတင်ပိုခြင်း Export လုပ်ငန်းများတွင် လက်တွေ့လုပ်ကိုင်နေသော Myanmar Rice Federation မှဆရာဦးသောင်းထိုက်စိုး၊ဆန်အရည်အသွေး စစ်ဆေးရေးဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု SGS Myanmar မှဆရာဦးအောင်ကျော်ထူး၊စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်တင်တင်ဦး နှင့် ဒေါက်တာဦးဝင်းသန်း၊Myanmar Port Authority (Shipping Agency Department)မှ ဦးအောင်သိန်းဝင်း နှင့် ဦးစောဝင်းနိုင်တိုအား ကျေးဇူးအထူးတင်ရှိပါသည်။ ထိုအပြင်(၃)ရက်တာလုံး အားအင်အပြည့်နဲ့ တက်ကြွစွာ သင်တန်းတက်ရောက်ခဲ့ကြသော မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ သင်တန်းသူ / သင်တန်းသားများအားလုံးနှင့် သင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသော အသင်းသူ/အသင်းသား ညီအကိုမောင်နှမများအားလုံးကိုအထူးပဲ ကျေးဇူးတင်ရှိပါသည်။

စုပေါင်းမဟာဘုံကထိန်အလှူပွဲ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များနှင့် ဆန်စပါးမိသားစုများ၏ (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ နန်းရှေ့ရပ်ကွက်ရှိ မဟာဝိဇယာရာမခင်မကန်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ စုပေါင်းမဟာဘုံကထိန်အလှူပွဲတွင် မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ အသင်းသူ/အသင်းသားများ စုပေါင်း၍ လုပ်အားဒါနအပြင် ပဒေသာပင်တစ်ပင်စာ စိုက်ထူလှူဒါန်းခဲ့ပါသည်။