ဆန်စပါးကဏ္ဍရဲ့ လူငယ်တွေစောင့်မျှော်နေတဲ့ Business Matching ပွဲကြီးကို MRF လူငယ်အသင်းကဦးဆောင်ပြီး အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ ဒီပွဲရဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွေထဲကမှ တစ်ခုဖြစ်တဲ့ Business Pitching အတွက် ပါဝင်ယှဉ်ပြိုင်ဖို့ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။

Business Pitching❓

Business Pitching ဆိုတာကတော့ လူအများသိသလို Business Idea or Plan အသစ်တွေကို နည်းစနစ်တကျ ပြသပြီး အကူအညီတွေ၊ ရင်းနှီးမြုပ်နှံမှုတွေ၊ Partnership တွေ ရှာဖွေတဲ့နည်းတစ်မျိူးဘဲဖြစ်ပါတယ်။

ဒီပွဲမှာတော့ ဆန်စပါးလုပ်ငန်းတွေနဲ့လည်းကိုက်ညီအောင် Business Pitching လုပ်နိုင်တဲ့လူတွေကို ဖိတ်ခေါ်ချင်ပါတယ်။ New Business Idea တွေတင်မဟုတ်ပဲ လက်ရှိ Business ကို တစ်ဆင့်မြှင့်တင်ချင်တဲ့လူတွေအတွက် Project Pitching ပုံစံမျိုးကိုလည်း ကြိုဆိုပါတယ်။ ဒီ Pitching ရဲ့အဓိကရည်ရွယ်ချက်ကတော့ ဆန်စပါး ကဏ္ဍရဲ့ Idea အသစ်၊ Project အသစ်တွေနဲ့ လူငယ်တွေကို အထိရောက်ဆုံးအကူအညီ အထောက်အပံ့တွေ​ပေးနိုင်မယ့် လူတွေ၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးပြီး လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့အထိ ဖြစ်အောင်လုပ်ဆောင်ပေးသွားဖို့ပဲဖြစ်ပါတယ်။

ဘာကြောင့်ပြိုင်ပွဲဝင်သင့်တာလဲ

(၁) Business Plan ရေးသားနည်းနှင့် Presentation Skill များသင်ယူနိုင်ခြင်း။

(၂) အတွေးအခေါ်တူ၊ စိတ်ကူးစိတ်သန်းခိုင်မာသူ မိတ်ဆွေပြိုင်ပွဲဝင်များနှင့် တွေ့ဆုံခွင့်ရခြင်း။

(၃) ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းကို အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရှေ့မှာ ချပြခွင့်ရခြင်း။

(၄) လက်တွေ့ဘဝ ကျွမ်းကျင်သူတွေရဲ့ ကဏ္ဍစုံ အကြံပြုမွမ်းမံချက်တွေကို ရရှိနိုင်ခြင်း။

(၅) သေချာခိုင်မာတဲ့ လုပ်ငန်းအစီအစဉ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ မိတ်ဖက်များရနိုင်ခြင်း။

(၆)အကောင်းဆုံးပြိုင်ပွဲဝင်တွေအတွက် ဆုချီးမြှင့်ခြင်း အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဘယ်သူတွေပြိုင်ပွဲဝင်နိုင်လဲ

(၁) ဆန်စပါးလုပ်ငန်း စတင်လုပ်ကိုင်မယ့်သူတွေနဲ့ လက်ရှိလုပ်ကိုင်နေဆဲပုဂ္ဂိုလ်တွေ

(၂) အတွေးအခေါ်သစ်တွေနဲ့ စွန့်ဦးတီထွင်လုပ်ကိုင်လိုသူ အသက် ၁၈ မှ ၄၀ ကြား ပါဝင်နိုင်ပါတယ်။

ဘယ်လိုလျှောက်ထားရမလဲ

ပြိုင်ပွဲအကြောင်းအသေးစိတ်ရှင်းပြပေးမယ့် Zoom Meeting ကိုတက်ရောက်လိုသူ စိတ်ဝင်စားသူများအနေနဲ့ အောက်မှာဖော်ပြထားတဲ့ Link မှာ Register ပြုလုပ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

https://forms.gle/XsET4B59CvB81xQ6A

❗️❗️နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက် – ၂၄.၆.၂၀၂၄ (တနင်္လာနေ့)

အသေးစိတ်သိလိုသည်များရှိပါက ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ဖုန်းနံပါတ် – ၀၉၅၁၂၇၆၅၇၊ ၀၉၅၄၀၄၅၅၂၊ ၀၉၄၃၁၁၂၆၇၈ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *