အသင်းဝင်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုချောမွေ့စေပြီး ထိရောက်မှုတိုးမြှင့်ဖို့အတွက် ပရောဂျက်စီမံခန့်ခွဲမှုစွမ်းရည်ကို မြှင့်တင်ရန် ရှာဖွေနေပါသလား။
ကျယ်ပြန့်တဲ့ Business ရဲ့သဘာဝနဲ့မတူပဲ အချိန်အကန့်အသတ် သို့မဟုတ် အစနဲ့အဆုံး ရှိတဲ့အရာတိုင်းဟာ Project ပါပဲ။
ကိုယ့်ဆန်စက်အတွက်စက်ပစ္စည်းအသစ်တွေပြောင်းလဲတပ်ဆင်တော့မှာလား၊ Quality control စနစ်သစ်တွေကိုအကောင်အထည်ဖော်ချင်တာလား၊ တံဆိပ်အသစ်တစ်ခုအတွက် စျေးကွက်ထိုးဖောက်ချင်နေတာလား၊ ကိုယ်ဖြန့်ဖြူးရောင်းချနေတဲ့နယ်ပယ်ကိုပိုမိုချဲ့ထွင်ချင်တာလား စတဲ့မိမိသက်ဆိုင်ရာလုပ်ငန်းအတွက်လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု၊ အဆင့်မြှင့်တင်မှုတွေကို တိတိကျကျနဲ့ထိထိရောက်ဆောင်ရွက်သွားနိုင်ဖို့အတွက် Initiating, Planning, Executing, Monitoring & Control စတဲ့ Business practices တွေသင်ကြားပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ လာမယ့် Project Management သင်တန်းဟာအဆင့်မြှင့်တင်လိုတဲ့ အသင်းဝင်အားလုံးအတွက် ပြီးပြည့်စုံစေမှာမလွဲပါဘူး။
အထူးအနေနဲ့ Yangon University of Economics-YUE ရဲ့ Department Head ဖြစ်သူ Professor ဒေါက်တာဒေါ်မြင့်မြင့်ကြည် ကိုယ်တိုင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
(လုပ်ငန်း မလုပ်ဆောင်ရသေးသော်လည်း သင်တန်းတတ်ရောက်လိုသူ အသင်းဝင်များ အနေဖြင့်လည်း တတ်ရောက် လေ့လာ သင်ယူနိုင်ပါတယ်။)
သင်ကြားပေးမည့်ခေါင်းစဉ်များ –
1. Planning and managing project scope.
2. Time management techniques.
3. Cost management and budgeting.
4. Risk management.
5. Procurement procedures.
6. Communication techniques.
7. Stakeholder engagement.
သင်တန်းကာလ – အပတ်စဉ် စနေနေ့။ (၄ ပတ်ကြာမြင့်မှာဖြစ်ပြီး လိုအပ်ပါကရက်တိုးပါမယ်။)
သင်ကြားမည့်နေရာ- MAPCO ၊ ဝါးတန်းဆန်ကုန်စည်ဒိုင်ဘေး၊ ရန်ကုန်မြို့။
သင်တန်းအချိန် – မနက်၉ နာရီမှ နေ့လည် ၁၂ နာရီ
သင်တန်းစမည့်နေ့ – 17.2.2024
သင်တန်းသားဦးရေ ကန့်သတ်ထားတာ ဖြစ်သည့်အတွက် တတ်ရောက်လိုသူများအနေဖြင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့လိုအပ်ပါတယ်။
သင်တန်းအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက Page messengerတို့ကိုစုံစမ်းမေးမြန်းနိုင်ပါတယ်။