About us

မြန်မာနိုင်ငံလူငယ်ဆန်စပါး လုပ်ငန်းရှင်များအသင်းအား ၂၀၁၈ ခုနှစ် မတ်လ ၁ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မူဝါဒများနှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ၏ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်စိတ်ဓာတ်ကို အားပေးရန် ရည်ရွယ်၍ MRF-YES ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်းသည် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် တီထွင်ဆန်းသစ်မှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆောင်ရွက်ပါသည်။

mrfyes (7)
mrfyes (2)

MRF-YES ၏ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအတွက် နှုတ်ခွန်းဆက်သ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ MRF-YES ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်အထိ ကြိုးပမ်းအားထုတ်မှုများအား လေးစားဂုဏ်ယူမိပါသည်။ အသင်းအတွင်း ကွဲပြားမှုများက စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေကြောင်း မမေ့ကြပါနှင့်။ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ကာ အသင်း၏ အနာဂတ်အတွက် ဆန်းသစ်တီထွင်မှုများနှင့် အမြင်ကျယ်စွာ လုပ်ဆောင်ကြပါစို့။ MRF-YES ၏ ရှေ့ခရီးလမ်းအတွက် ဆုမွန်ကောင်းတောင်းလျက် ပထမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် ရွေးကောက်ပွဲအား ချီးကျူးဂုဏ်ပြုအပ်ပါသည်။

U Ye Min Aung

MRFYES - Chairman

ရည်ရွယ်ချက်များ

အသင်းချုပ်၏ ရည်ရွယ်ချက်များ အောင်မြင်ရေးတွင် လူငယ်များ တက်ကြွစွာ ပါဝင်ကူညီရန်။

ဆန်စပါးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တီထွင်ဆန်းသစ်မှုများကို အသင်းချုပ်နှင့် ပူးပေါင်းဖော်ထုတ်ရန်။

မြန်မာ့ဆန်စပါးကဏ္ဍအတွက် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းရေးအတွက် လူငယ်များ၏ အရည်အသွေးကို မြှင့်တင်ရန်။

အသင်းဝင်များ၏ လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးကို စနစ်တကျ ဆောင်ရွက်ပေးရန်။

ဆန်စပါးကဏ္ဍမှ လူငယ်လုပ်ငန်းရှင်များ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်စေရန်။

ဆန်စပါးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တီထွင်ဆန်းသစ်မှုများကို အသင်းချုပ်နှင့် ပူးပေါင်းဖော်ထုတ်ရန်။

ပြည်တွင်းပြည်ပ စျေးကွက်သစ်များ ရှာဖွေချိတ်ဆက်ရန်နှင့် ဆန်တင်ပို့မှု တိုးမြှင့်ရန်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ပေးသော လုပ်ငန်းများ ဆောင်ရွက်ရန်။

အသင်း၏ ရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် စီမံကိန်းများ ရေးဆွဲ၍ လုပ်ဆောင်ရန်။

ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းမျaဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အရည်အသွေး စံချိန်စံညွှန်းများ၊ တီထွင်ဆန်းသစ်မှုများနှင့် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်။ား၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

နိုင်ငံတကာအဆင့်မီ အသင်းအဖြစ် ရပ်တည်နိုင်ရေးနှင့် အသင်း၏ ဂုဏ်သတင်း ကောင်းမွန်ရေး ဆောင်ရွက်ရန်။

အသင်း၏ အဓိက လုပ်ငန်းတာဝန်များ